ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)
8:00 PM ဆောင်းပါး, ထေရ၀ါဒ
တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို
ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ
ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။
ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ
ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။
အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။
အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန်
တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ
ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင်
ပြုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။
Wednesday, 16 May 2012
ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)
Friday, 4 May 2012
ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟူသည်
ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟူသည်
၁။သုမေဓာရှင်ရသေ့ဘ၀၌ပင် ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ နိယတဗျာဒိတ်(နောင်အခါဂေါတမဘုရားရှင်ဖြစ်လိမ့်မည်ဟု) ကဆုန်လပြည့်နေတွင် ခံယူတော်မူခဲ့သည်။
၂။ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင်ဖွားမြင်တော်မူခဲ့သည်။
၃။ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဥာဏ်ဘုရားအဖြစ်သို့ (၀ါ) မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
၎။မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့ တွင်ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။
ထိုကြောင့်ပညာရှင်များက ကဆုန်လပြည့်နေ့ ကို ဗုဒ္ဓနေ့ ဟုသတ်မှတ်ကြလေသည်။
Wednesday, 2 May 2012
သေသူရည်မှန်း ကုသိုလ်စွမ်း
သေသူရည်မှန်း ကုသိုလ်စွမ်း …
စာရေးသူအား ကိုရီးယား ဒကာမကြီးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာများ၏ သေသွားသူကို ရည်စူးပြီး ပြုလုပ်သည့် ဓလေ့ထုံးစံနှင့် ပတ်သက်၍ မေးလျှောက်ဖူး၏။ ကိုရီးယားနိုင်ငံတွင် လူတစ်ယောက်သေပြီးနောက် ထိုသူ၏ အသုဘကိစ္စများပြီးလျှင် နှစ်စဉ်တစ်နှစ်တစ်ခါလောက်သာ သေသူအတွက် နေရာပေးထားသည့် မြေပုံတွင် သွားရောက်ကာ စားသောက်ဖွယ်ရာများ၊ သေသူကြိုက်တတ်သည့် အရာများဖြင့် ကန်တော့လျက် ပြောချင်ရာများ ပြောပြီး အချိန်တန် အိမ်ပြန်လာကြသည့် ဓလေ့ရှိကြောင်း ပြောဆိုရင်း မြန်မာဗုဒ္ဓဘာသာများ အနေဖြင့် သေသူအတွက် မည်သို့မည်ပုံ ပြုလုပ်ဆောင်ရွက်သည်ကို သိရှိလိုကြောင်း လျှောက်ထားဖူး၏။
Monday, 30 April 2012
ပညာရှင်တို့အဆိုအမိန့်များ..
ပညာရှင်တို့အဆိုအမိန့်များ..
သူများအကျိုး ပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်။
ကြမ်းတမ်းသော စကားကို မဆိုနှင့်။
မေတ္တာနှင့် ယှဉ်သောစိတ်ကို ဖြစ်စေရမည်။
အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော။
ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်မရှိ။
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ။
-လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
-အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
- ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
(တိပိဋကမင်းကွန်းဆရာတော်)
Friday, 27 April 2012
ထိုင်ပုံထိုင်နည်း
ထိုင်ခြင်းဣရိယာပုထ်၌လည်း ဆောင့်ကြောင့်ထိုင်ခြင်း၊ ဒူးတုပ်(ခြေဖ၀ါးပေါ်ဖိ) ထိုင်ခြင်း၊တင်ပါးလွှဲထိုင်ခြင်း၊တင်ပျဉ်ခွေထိုင်
ခြင်း၊ကုလားထိုင်ပေါ်၌ခြေချ၍ထိုင်ခြင်းဟူ၍အမျိုးမျိုးရှိရာ မိမိနှင့်သင့်လျော်ကြာရှည်ထိုင်မည့်နည်းကို
ရွေးချယ်သင့်သည်။ ယောင်္ကျားဖြစ်လျှင် တင်ပျဉ်ခွေထိုင်ပါ။ ထိုသို့ ထိုင်သည့်အခါဘယ်ဘက်ခြေပေါ်တွင် ညာဘက်ခြေကိုတင်၍ထိုင်ပါ။ အမျိုးသမီးဖြစ်လျှင် မိမိထိုင်နေကျအတိုင်းကျုံ့ ကျုံ့ ယုံ့ ယုံ့ တင်ပါးလွှဲထိုင်ပါ။ သို့ မဟုတ် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိကြာရှည်ထိုင်နိုင်မည့်နည်းဖြင့်ထိုင်ပါ။
ဘယ်ဘက်လက်ဖ၀ါးပေါ်တွင် ညာဘက်လက်ဖ၀ါးထပ်၍လက်မထိပ်ချင်းအသာထိထားပါ၊ သို့မဟုတ် မထိဘဲလည်းထားနိုင်သည်။အထက်ပိုင်းကိုကိုယ်ကိုလည်း ဖြောင့်ဖြောင့်မတ်မတ်ထားပါ။ မျက်စိကိုလည်း မှိတ်ထားပါ။
ယောဂီတိုင်းနှင့်သင့်လျော်သောကမ္မဋ္ဌာန်း
ဝင်လေထွက်လေကိုရှုမှတ်သည့် အာနာပါနဿတိကမ္မဋ္ဌာန်းသည်ယောဂီတိုင်းလိုလိုနဲ့လျော်ကန်သင့်မြတ်လှပေသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ´´ အာနာပါနံ မောဟစရိဿ ၀ိတက္ကစရိတဿစ``ဟု မိန့်
ထားချက်အရအာနပါနကမ္မဋ္ဌာန်းသည် မောဟစရိုက်ရှိသူနဲ့ဝိတက်စရိုက်ရှိသူတို့အား
သင့်လျော်လျောက်ပတ်သည်။လူတိုင်းသည်မောဟအားကြီးကြသည်။သို့မဟုတ်
တောင်ကြံ့မြောက်ကြံဝိတက်လွန်ကဲ
တတ်ကြသည်။ထို့ကြောင့်မောဟဖြစ်လျင်
ဖြစ်၊မဖြစ်လျင်ဝိတက်ဖြစ်တတ်ကြသည်။
အမျက်ဖြေလင်္ကာ
သံဝေဂလင်္ကာ
သံဝေဂလင်္ကာ
မှတ်ကာစွဲယူ၊
များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်။
လောကသုံးခွင်၊
ဘုံအပြင်ဝယ်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည်း။
သုံးစွဲဖို့ရာ၊
မြတ်ဥစ္စာလည်း၊ ကံကြမ္မာပေး၊ ရပြန်သေးက၊ ပျက်ရေးတဖန်၊ တွေ့ကြုံပြန်၏။
ချစ်လျှံဝေေ၀၊
ချစ်သူတွေနှင့်၊ ချစ်လေသမျှ၊ ပေါင်းဆုံကြလည်း၊ ကွဲရမည်မှာ၊ မလွဲသာတည်း။
ရှည်စွာအသက်၊
တည်ရှိလျက်လည်း၊ ပုခက်နှင့်ပေ၊ ဝေးလေလေ၍၊ နီးစေပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်၊ အကြောင်းမလျော်၊
သုံးရက်ကျော်က၊ ပုပ်စော်ညှီနံ၊ ရန်တွေ့ပြန်သို့၊ အမှန်ချစ်သူ၊ မကပ်မူဘဲ၊ လျက်လျူရှုသုံး၊
တကယ်မုန်း၏။
နောက်ဆုံးရောက်ခါ၊
မြို့ပြည်ရွာနှင့်၊ ဆွေဉာအများ၊ စွန့်ပယ်ထား၍၊ သွားရအပြီး၊ လူမနီးသည့်၊ တောကြီးမြိုင်ယံ၊
မြေသုသာန်၌၊ ရောက်ပြန်မရှိ၊ မြှုပ်နှံဘိခြင်း၊ ခြောက်ပေတွင်းဝယ်၊ စင်းစင်းအိပ်ရာ၊ မလှည့်သာဘဲ၊
နေရနည်းကို၊ စွဲမြဲမှတ်ကာ၊ ဆင်ခြင်ပါလော့။
သင်္ခါရမြံ၊ လောကီဘုံ၌၊ ခိုလှုံဝင်စံ၊
ပုထုဇန်တို့၊ လောကဓံလွတ်ကြောင်း၊
Subscribe to:
Posts (Atom)