ဝင်လေထွက်လေကိုရှုမှတ်သည့် အာနာပါနဿတိကမ္မဋ္ဌာန်းသည်ယောဂီတိုင်းလိုလိုနဲ့လျော်ကန်သင့်မြတ်လှပေသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ´´ အာနာပါနံ မောဟစရိဿ ၀ိတက္ကစရိတဿစ``ဟု မိန့်
ထားချက်အရအာနပါနကမ္မဋ္ဌာန်းသည် မောဟစရိုက်ရှိသူနဲ့ဝိတက်စရိုက်ရှိသူတို့အား
သင့်လျော်လျောက်ပတ်သည်။လူတိုင်းသည်မောဟအားကြီးကြသည်။သို့မဟုတ်
တောင်ကြံ့မြောက်ကြံဝိတက်လွန်ကဲ
တတ်ကြသည်။ထို့ကြောင့်မောဟဖြစ်လျင်
လူတိုင်းမှာမောဟစရိုက်၊ ၀ိတက်စရိုက်ရှိတတ်ကြသည်။ ထို့ကြောင့်
အာနာပါနကမ္မဋ္ဌာန်းသည်လူတိုင်းနှင့်သင့်
လျော်သည်ဟုဆိုနိုင်ပေသည်။ ဤအာနာပါနကမ္မဋ္ဌာန်းကို
အားထုတ်လိုသော
ယောဂီပုဂ္ဂိလ်သည်အသံဗလံကင်း၊
တိတ်ဆိတ်နေသောနေရာဌာနနှင့်အချိန်
ကာလရရှိရန်သတိပြုရပေမယ်။ ၀င်လေထွက်လေကိုရှမှတ်၍
စိတ်တည်ကြည်မှု(သမာဓိ)အစပျိုးလာချိန်တွင်အသံတခုခုက၀င်ရောက်
နှောက်ယှက်လျှင် သမာဓိပျက်၍
စိတ်ပျံ့ လွင့်သွားတတ်၏။
ခန္ဓာကိုယ်သည် အနေအထား။
ဤခန္ဓာကိုယ်သည်လဲလျောင်းခြင်း၊ ထိုင်ခြင်း၊ရပ်ခြင်း၊သွားခြင်းဟူ၍
ဣရိယာပုထ်လေးမျိုးဖြင့် ပြောင်းလဲပေးနေရ၏။
သို့ သော် သမာဓိစတင်ထူထောင်ချိန်မှာမူ ရပ်ခြင်း၊သွားခြင်း ဣရိယာပုထ်တို့ နှင့် မသင့်လျော်ချေ။ ထို့ ပြင်
လျောင်းခြင်းမှာလည်းလုံ့လ၀ီရိယလျော့ရဲ နည်းပါးသဖြင့် ထိနမိဒ္ဓ ကပ်ရောက်ပြီး အိပ်ပျော်သွားနိုင်သည်။ ထို့ ကြောင့်
သမာဓိစတင်ထူထောင်ချိန်၌ ထိုင်ခြင်းအနေအထား(ဣရိယာပုထ်)သာလျှင် သင့်လျော်ဆုံးဖြစ်ပေသည်။
No comments:
Post a Comment
very good