-->

Wednesday 16 May 2012

ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)

ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ) 8:00 PM ဆောင်းပါး, ထေရ၀ါဒ တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။ ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။ အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။ အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန် တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင် ပြုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။

Friday 4 May 2012

ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟူသည်

ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟူသည် ၁။သုမေဓာရှင်ရသေ့ဘ၀၌ပင် ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ နိယတဗျာဒိတ်(နောင်အခါဂေါတမဘုရားရှင်ဖြစ်လိမ့်မည်ဟု) ကဆုန်လပြည့်နေတွင် ခံယူတော်မူခဲ့သည်။ ၂။ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင်ဖွားမြင်တော်မူခဲ့သည်။ ၃။ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဥာဏ်ဘုရားအဖြစ်သို့ (၀ါ) မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ၄။မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့ တွင်ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ ထိုကြောင့်ပညာရှင်များက ကဆုန်လပြည့်နေ့ ကို ဗုဒ္ဓနေ့ ဟုသတ်မှတ်ကြလေသည်။

Wednesday 2 May 2012

သေသူရည်မှန်း ကုသိုလ်စွမ်း

သေသူရည်မှန်း ကုသိုလ်စွမ်း … စာရေးသူအား ကိုရီးယား ဒကာမကြီးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာများ၏ သေသွားသူကို ရည်စူးပြီး ပြုလုပ်သည့် ဓလေ့ထုံးစံနှင့် ပတ်သက်၍ မေးလျှောက်ဖူး၏။ ကိုရီးယားနိုင်ငံတွင် လူတစ်ယောက်သေပြီးနောက် ထိုသူ၏ အသုဘကိစ္စများပြီးလျှင် နှစ်စဉ်တစ်နှစ်တစ်ခါလောက်သာ သေသူအတွက် နေရာပေးထားသည့် မြေပုံတွင် သွားရောက်ကာ စားသောက်ဖွယ်ရာများ၊ သေသူကြိုက်တတ်သည့် အရာများဖြင့် ကန်တော့လျက် ပြောချင်ရာများ ပြောပြီး အချိန်တန် အိမ်ပြန်လာကြသည့် ဓလေ့ရှိကြောင်း ပြောဆိုရင်း မြန်မာဗုဒ္ဓဘာသာများ အနေဖြင့် သေသူအတွက် မည်သို့မည်ပုံ ပြုလုပ်ဆောင်ရွက်သည်ကို သိရှိလိုကြောင်း လျှောက်ထားဖူး၏။