-->
Monday 30 April 2012
ပညာရှင်တို့အဆိုအမိန့်များ..
ပညာရှင်တို့အဆိုအမိန့်များ.. သူများအကျိုး ပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်။ ကြမ်းတမ်းသော စကားကို မဆိုနှင့်။ မေတ္တာနှင့် ယှဉ်သောစိတ်ကို ဖြစ်စေရမည်။ အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော။ ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်မရှိ။ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ။ -လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ -အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ - ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ (တိပိဋကမင်းကွန်းဆရာတော်)
Friday 27 April 2012
ထိုင်ပုံထိုင်နည်း
ထိုင်ခြင်းဣရိယာပုထ်၌လည်း ဆောင့်ကြောင့်ထိုင်ခြင်း၊ ဒူးတုပ်(ခြေဖ၀ါးပေါ်ဖိ) ထိုင်ခြင်း၊တင်ပါးလွှဲထိုင်ခြင်း၊တင်ပျဉ်ခွေထိုင်
ခြင်း၊ကုလားထိုင်ပေါ်၌ခြေချ၍ထိုင်ခြင်းဟူ၍အမျိုးမျိုးရှိရာ မိမိနှင့်သင့်လျော်ကြာရှည်ထိုင်မည့်နည်းကို
ဘယ်ဘက်လက်ဖ၀ါးပေါ်တွင် ညာဘက်လက်ဖ၀ါးထပ်၍လက်မထိပ်ချင်းအသာထိထားပါ၊ သို့မဟုတ် မထိဘဲလည်းထားနိုင်သည်။အထက်ပိုင်းကိုကိုယ်ကိုလည်း ဖြောင့်ဖြောင့်မတ်မတ်ထားပါ။ မျက်စိကိုလည်း မှိတ်ထားပါ။
ယောဂီတိုင်းနှင့်သင့်လျော်သောကမ္မဋ္ဌာန်း
ဝင်လေထွက်လေကိုရှတ်သည့် အာနာပါနဿတိကမ္မဋ္ဌာန်းသည်ယောဂီတိုင်းလိုလိုနဲ့လျော်ကန်သင့်မြတ်လှပေသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ´´ အာနာပါနံ မောဟစရိဿ ၀ိတက္ကစရိတဿစ``ဟု မိန့် ထားချက်အရအာနပါနကမ္မဋ္ဌာန်းသည် မောဟစရိုက်ရှိသူနဲ့ဝိတက်စရိုက်ရှိသူတို့အား သင့်လျော်လျောက်ပတ်သည်။လူတိုင်းသည်မောဟအားကြီးကြသည်။သို့မဟုတ်
တောင်ကြံ့မြောက်ကြံဝိတက်လွန်ကဲ တတ်ကြသည်။ထို့ကြောင့်မောဟဖြစ်လျင်
ဖြစ်၊မဖြစ်လျင်ဝိတက်ဖြစ်တတ်ကြသည်။
အမျက်ဖြေလင်္ကာ
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။ ကြင်နာသနား၊ ငါအားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ။ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက် လှဲတတ်သည့်၊ မချွတ်စသာ၊ သတ္တ၀ါတည်း။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်ထွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အဖြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။                                        (အနန္တသူရိယအမတ်)
သံဝေဂလင်္ကာ
သံဝေဂလင်္ကာ
မှတ်ကာစွဲယူ၊ များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်။
လောကသုံးခွင်၊ ဘုံအပြင်ဝယ်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည်း။
သုံးစွဲဖို့ရာ၊ မြတ်ဥစ္စာလည်း၊ ကံကြမ္မာပေး၊ ရပြန်သေးက၊ ပျက်ရေးတဖန်၊ တွေ့ကြုံပြန်၏။
ချစ်လျှံဝေေ၀၊ ချစ်သူတွေနှင့်၊ ချစ်လေသမျှ၊ ပေါင်းဆုံကြလည်း၊ ကွဲရမည်မှာ၊ မလွဲသာတည်း။
ရှည်စွာအသက်၊ တည်ရှိလျက်လည်း၊ ပုခက်နှင့်ပေ၊ ဝေးလေလေ၍၊ နီးစေပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်၊ အကြောင်းမလျော်၊ သုံးရက်ကျော်က၊ ပုပ်စော်ညှီနံ၊ ရန်တွေ့ပြန်သို့၊ အမှန်ချစ်သူ၊ မကပ်မူဘဲ၊ လျက်လျူရှုသုံး၊ တကယ်မုန်း၏။
နောက်ဆုံးရောက်ခါ၊ မြို့ပြည်ရွာနှင့်၊ ဆွေဉာအများ၊ စွန့်ပယ်ထား၍၊ သွားရအပြီး၊ လူမနီးသည့်၊ တောကြီးမြိုင်ယံ၊ မြေသုသာန်၌၊ ရောက်ပြန်မရှိ၊ မြှုပ်နှံဘိခြင်း၊ ခြောက်ပေတွင်းဝယ်၊ စင်းစင်းအိပ်ရာ၊ မလှည့်သာဘဲ၊ နေရနည်းကို၊ စွဲမြဲမှတ်ကာ၊ ဆင်ခြင်ပါလော့။
သင်္ခါရမြံ၊ လောကီဘုံ၌၊ ခိုလှုံဝင်စံ၊ ပုထုဇန်တို့၊ လောကဓံလွတ်ကြောင်း၊